ရုပ်ရှင် နှင့် ရုပ်မြင် ဇာတ်လမ်း တည်းဖြတ်ခြင်း နိယာမ Technique of Film and Tape Editing အရုပ်နှင့် အသံ ကိုက်ညီမှု (Synchroation)



ရုပ်ရှင် ရုပ်မြင် ဇာတ်လမ်း တည်းဖြတ်ခြင်းနည်း များထဲမှ အရုပ်နှင့်အသံ ကိုက်ညီခြင်း အကြောင်း ဖြေဆိုပါ၊

ရုပ်ရှင် နှင့် ရုပ်မြင် ဇာတ်လမ်း တည်းဖြတ်ခြင်း နိယာမ

Technique of Film and Tape Editing
အရုပ်နှင့် အသံ ကိုက်ညီမှု (Synchroation)

          ရုပ်ရှင် ရုပ်မြင် ဇာတ်လမ်း တည်းဖြတ်ရာတွင် အခြေခံ အကျဆုံး လုပ်ငန်းမှာ Synchroation ဟုခေါ်သည့် အရုပ်နှင့် အသံ ကိုက်ညီမှု ဖြစ်ပါသည်။
          ဥပမာ (၁)  စကားလုံးများနှင့် ပါးစပ်ပေါက်ကို ကိုက်ညီစေခြင်း ၊
        (၂)   ပြန်သွင်းယူလာသော အသံ များ ကိုက်ညီစေခြင်း ၊
        (၃)   လိုအပ်သော အထူးပြု အသံများ ကိုက်ညီစေခြင်း ( လက်သီးသံ ၊ ဓားခုတ်သံ ၊ မိုးခြိမ်းသံ ၊          
                   သေနတ်သံ စသည့် အသံများကို ဆိုလိုပါသည်။

ထို့နောက် အသံအနီးအဝေး မှန်ကန်စွာ ကိုက်ညီခြင်း ၊ မော်တော်ကား အသံ အနီးအဝေး ၊ မြင်းခွာသံ မြင်းကောင်ရေ အလိုက် ဖြစ်ပါသည်။

မြန်မာ ရုပ်ရှင်ကား များတွင် တစ်ခါတစ်ရံ စကား ပြောသံ ကြားပြီးမှ အရုပ် ပါးစပ်ပေါက်က လိုက်ပြောခြင်း ၊ အရုပ်စကားပြော ပြီးမှ အသံ ထွက်လာခြင်း စသည်တို့သည် အရုပ်နှင့် အသံ ကိုက်ညီမှု မရှိ ခြင်း ဖြစ်ပါ သည်။

ထိုကဲ့သို့ဖြစ်လျှင် ဇာတ်အရသာ ပျက်တတ်သဖြင့် Editing က ဖြတ်ပစ်ရပါသည်။
ထိုကဲ့သို့ဖြစ်ပျက်ခြင်း များကို Synchrozation ဟု ခေါ်ပါသည်။


ထိပ်တိုက်ဆက်ခြင်း (Joint to Point)

          ထိပ်တိုက်ဆက်ခြင်း ဆိုသည်မှာ ဖလင်ကဒ်များထဲမှ ပထမကဒ် ၏ သရုပ်ဆောင်မှု စကားပြောအဆုံး ဒုတိယကဒ်၏ သရုပ်ဆောင်မှု အစ ၊ စကား အစ ၂ ခု ကို ထိပ်တိုက်ဆက်ပေးခြင်း
ဖြစ်ပါသည်။
          ရိုက်ချက် ၂ ခု ဆက်လိုက်သည့် အခါ  ကဒ် တစ်ခုနှင့်တစ်ခုသည် အနီးအဝေး အထားအသို ဖြတ်ချက်သည် မှန်ကန်တိကျရမည်။
          Acting (Acting အဆုံးမီ) ဖြတ်ခြင်း ၊ တစ်ဝက်တစ်ပျက်တွင် ဖြတ်ခြင်း အဖြစ်စေရပါ။ ဖြတ်ချက် တစ်ခုနှင့်တစ်ခု မြန်ခြင်း ၊ နှေးခြင်း များသည် ဇာတ်ကြောင်း သဘာဝ အဖြစ်အပျက်နှင့် လိုက်လျောညီထွေ ရှိရမည်။


Comments

Popular posts from this blog

The Melodies are Dancing Around Me