2017 Happy New Year Card ဖန်တီးခြင်း
Project အသစ်တစ်ခု တည်ဆောက်ပါ။
Width = 8 inches နဲ့ Height = 6 inches , Resolution = 150 ထားပေးပါ။
          Color Mood : CMYK color ကို ရွေးပေးပါ။
Background Contents : White ရွေးပေးပါ။
        Horizontal Type Tool (T) ကို ရွေးပေးပါ။
ပြီးလျှင် Layer တစ်ခုစီ “2” , “1” ,” 7 ” ကို ဖန်တီးပေးပါ။
Ruler (Ctrl + R) (or) View>Ruler ခေါ်ပေးပါ။
Layer တစ်ခုစီ ဖန်တီးခဲ့သော “2” , “1” ,” 7 ” ကို နေရာချပေးရန်
Ruler ရှိသောနေရာကနေ Drug ဆွဲချရင်း Guide Lines ၂ ခု ခေါ်ပေးပြီး ထို Layers တို့ကို နေရာချပေးပါ။
ပြီးလျှင် New Layer (Control + Shift + N ) ဖြင့် Layer အသစ်တစ်ခု ဖန်တီးပေးပါ။
Elliptical Marquee Tool (M) ရွေးပေးပါ။
Layers “2” , “1” , “7” တို့နဲ့ အရွယ်အစားတူတဲ့ အထိ mouse ကို Drag ဆွဲချပါ။
ပြီးလျှင် ထိုစက်ဝိုင်းပေါ်မှာ Right Click နှိပ် ပါ။
Stroke ဆိုသော စာကို ရွေးပေးပါ။
Stroke ဆိုသော Prop Box ပေါ်လာရင် Width ကို ကောင်းမည် ထင်သလောက် စိတ်ကြိုက်ရွေးပေးပါ။
Location Form မှာ Inside ကို ရွေးပေးထားပါ။
Color ကို ကိုယ်နှစ်သက်ရာ အရောင် ပြောင်းပေးပါ။
      ပြီးရင် OK နှိပ်ပါ။
  ပုံ၁         ပုံ၂
ထို Layer ၄ ခု လုံးကို select (or) တစ်ခုချင်းစီ Select လုပ်ပြီး Right Click နှိပ်ပါ။
Rasterize Type ရွေးပေးပါ။
ပုံ၂ အတိုင်း Layers Type များပြောင်းသွားမည်။

 ပုံ၃

ပြီးလျှင် ပုံ၃ အတိုင်း မျှားထိုးထားသောနေရာကို Mouse တင်ပြီးလျှင် Ctrl နှင့် တွဲနှိပ်ပေးပါ။

“O” ပုံကို Selection ဝင်သွားမည်။

ForeGround Color မှာ ကိုယ်နှစ်သက်ရာအရောင်ပြောင်းပေးပြီး
Alt+Delete (or) Alt+Backspace(ß) နှိပ်ပြီး အရောင်ပြောင်းနိုင်သည်။

Selection ဖြုတ်ရန် Ctrl+D (Right Click -> Deselect) နှိပ်ပါ။

Eraser Tool(E) ကိုရွေးပေးပါ။
 
ပုံပါအတိုင်းဖြစ်အောင် အပိုင်း အစ နှစ်ခု ဖြတ်ပေးပါ။
Magic Wand Tool (W) ကိုရွေးပေးပါ။

ပုံပါအတိုင်း အပိုင်းအစ လေးတစ်ခုကို Select လုပ်ပေးပါ။
Foreground Color တွင် ကြိုက်နှစ်သက်ရာ Color ပြောင်းပြီးရင် Alt+Backspace(ß) နိုပ်ပါ။
ပုံပါအတိုင်း အရောင်ပြောင်းသွားမည်။
Ctrl+D ဖြင့် Selection ဖြုတ်ပါ။

Horizontal Type Tool (T) ကို ရွေးပေးပါ။
ပြီးလျှင် “Happy New Year” ဟု ပုံပါ အတိုင်း ပြင်ဆင် ဖန်တီးပေးပါ။

ပြီးလျှင် ပုံထုတ်သိမ်းရန်အတွက် File>Save AS (or) Ctrl+Shift+S ကို နှိပ်ပါ။

ပုံပါအတိုင်း Save As Box ပေါ်လာလျှင် Save as Type တွင် JPEG (*.JPG, *.JPEG, *.JPE) File Type ကို ရွေးပေးပါ။
 OK နိုပ်လိုက်ပါ။








(THE END)






ဒီအတိုင်း 2018 Happy New Year Card တစ်ခု အသစ်ကို ဖန်တီးပေးပါ။
ကျေးဇူးတင်ပါသည်။
                                                                     ကြည်ပြာလွင်ဦး
                                                                      (Sora Krystal)
 ( Syrealism Creators’ Arts Random ) Video Editor (NUAC)

Natinal University of Arts and Culture, Yangon

Comments

Popular posts from this blog

The Melodies are Dancing Around Me